ဒီအစီအစဉ်လေးက Goethe-Institut မြန်မာစာကြည့်တိုက်မှာပြုလုပ်မယ့် Children & Youth Program ရဲ့ပထမဦးဆုံးပွဲလေးပဲဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ activity မျိုးစုံကို wee care Children & Youth Development Center မှ ဆရာ၊ ဆရာမများနဲ့အတူ ဦးဆောင်စီစဉ်ပေးသွားမှာပဲဖြစ်ပါတယ်။
အခုအစီအစဉ်လေးမှာ ပါဝင်နိုင်ဖို့ အသက်အရွယ်အလိုက် အုပ်စု (၂) စုခွဲထားပါတယ် -
Group A - အသက် (၆) နှစ်မှ (၁၁) နှစ် အထိ
Group B - အသက် (၁၂) နှစ်မှ (၁၅) နှစ် အထိ
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ ပါဝင်လိုတဲ့ သားသားမီးမီးတို့အနေနဲ့ ကိုယ့်ရဲ့ Yoga Mat လေးတွေကိုတော့ တစ်ပါတည်းသယ်ဆောင်လာခဲ့ရမှာပဲဖြစ်ပါတယ်။
လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ အမည်၊ အသက်၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း
၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှ တစ်ဆင့်ဖြစ်စေ၊
[email protected] မှတစ်ဆင့် ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။