Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၃ ခုနှစ်၊ မေလသတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Piano concert by Kyi Zin Wai

©Goethe-Institut Myanmar

စန္ဒယားဂီတပွဲ

A Glance to 4 Eras of Classical Music

စန္ဒယားပညာရှင် ကြည်ဇင်ဝေ၏စန္ဒယားဂီတပွဲ "A Glance to 4 Eras of Classical Music" သို့လှိုက်လှဲစွာဖိတ်‌ခေါ်ပါတယ်။ ဧည့်သည် စန္ဒယားပညာရှင် ဒါလီခင်‌ဇော်နှင့်အတူတင်ဆက်မည့် တွဲဖက်ဖျော်ဖြေမှုနှင့် ဒါလီခင်ဇော်၏တစ်ဦးချင်းတင်ဆက်မှုကိုလည်း ခံစားနားဆင်နိုင်မှာဖြစ်ပါတယ်။ ဒီပွဲလေးက ဂန္တဝင်ဂီတ၏မတူကွဲပြားသည့် ခေတ်လေးခေတ်တစ်လျောက် သင့်ကိုခေါ်ဆောင်သွားမည်ဖြစ်ပြီး အနုပညာပြောင်းလဲဖြစ်ပေါ်ပုံအဆင့်ဆင့်ကိုနားဆင်ခံစားနိုင်မှာပါ။ ဤဆွဲဆောင်ညှို့ငင်နိုင်သောတင်ဆက်မှုကို သာယာကြည်နူးဖွယ်တေးသွားနှင့်အတူ ညနေခင်းလေးတစ်ခုကို ဖြတ်သန်းဖို့ ကြွလှမ်းခဲ့ဖို့ ဖိတ်‌ခေါ်ပါတယ်။
နေ့ရက် - ၂၀၂၃ ခုနှစ်၊ မေလ ၂၆ (သောကြာနေ့)
အချိန် - ညနေ ၄ နာရီမှ ၆ နာရီ
နေရာ - Goethe-Institut မြန်မာ ပွဲခန်းမ

ပိုမိုသိရှိလိုပါက ယဉ်ကျေးမှုဌာနအီးမေးလ် [email protected] သို့ဆက်သွယ်နိုင်ပါသည်။
 
Program of Care 2.0

©Goethe-Institut Myanmar/TheeOo Thazin

ထင်ဟပ် မျှဝေ တွဲလက်တွေ “Program of Care 2.0” 

Goethe-Institut မြန်မာမှ ကြီးမှူးကျင်းပတဲ့ ထင်ဟပ် မျှဝေ တွဲလက်တွေ “Program of Care 2.0” ခေါင်းစဉ်အောက်မှာ ပြုလုပ်နေတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေရဲ့ အသေးစိတ်အချက်အလက်များကို စောင့်မျှော်ကြည့်ရှုပြီး ပါဝင်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ အတူမျှ၀ေခြင်း၊ ဂရုစိုက်ပေးခြင်းတွေကို အခြေခံထားတဲ့ ဒီအစီအစဉ်လေးရဲ့ ရည်ရွယ်ချက်ကတော့နေ့စဉ် ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ မပြေလည်မှုတွေ၊ စိတ်ပင်ပန်းမှုတွေကို အနုပညာ ကြားခံနယ်ကနေတစ်ဆင့် ဖြေထုတ်၊ ဖော်ပြနိုင်ဖို့ပဲဖြစ်ပါတယ်။
ထိုရည်ရွယ်ချက်ကို အခြေခံပြီး စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်တက်ရောက်ဖို့ လစဉ် မတူညီတဲ့အလုပ်ရုံဆွေးနွေးပွဲတွေကို ကျင်းပစီစဉ်ပေးလျက်ရှိပါတယ်။ ထပ်မံ၍ ပြုလုပ်ကျင်းပမယ့် ‘‘Art & Healing Certificate Workshop‘‘ ရဲ့ အသေးစိတ် အချက်အလက်များကို ကျွန်ုပ်တို့မှ မကြာမီ အချိန်အတွင်းမှာ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ အချက်အလက်များ အချိန်နဲ့ တပြေးညီရရှိနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာများကို စောင့်ကြည့်ပေးဖို့ ကမ်းလှမ်းပါရစေ။ 
ပြုလုပ်သွားမယ့် အလုပ်ရုံဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ကျွန်ုပ်တို့မှ သင့်အား ဖိတ်ခေါ်ပါတယ်။ ဒါ့အပြင် မိမိရဲ့သူငယ်ချင်း၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များအပြင် စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်တက်ရောက်နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ဖိတ်ခေါ်မှုကိုလည်း မျှဝေပေးနိုင်ပါတယ်။ သင့်ရဲ့ စိတ်ပါဝင်စားမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ 
 

ဘာသာစကား

German language courses in May

©Goethe-Institut Myanmar

မေလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာမှ မေလအတွက် ဂျာမန်ဘာသာစကားအချိန်စာရင်းအသစ်ကို ထွက်လာပါပြီ။ ကျွန်ုပ်တို့၏ဘာသာစကားသင်တန်းများကို အခြေခံအဆင့်မှ အဆင့်မြင့်တန်းများအထိ အတွေ့အကြုံရှိဆရာ၊ ဆရာမများမှသင်ကြားပေးနေပါသည်။ ပုံမှန်သင်တန်း၊ အမြန်သင်တန်း အမျိုးမျိုးသောသင်တန်းပုံစံများဖြင့်အတန်းများကို အွန်လိုင်းရော၊ စာသင်ခန်းတွင်ပါ ရွေးချယ်စရာများပေးထားပါသည်။ ယခုပဲစာရင်းသွင်းပြီး သင့်ဂျာမန်ဘာသာစကားစွမ်းရည်ကို မြှင့်တင်လိုက်ပါ။ 
စာရင်းပေးသွင်းရမည့်ကာလမှာ ၂၊၅၊၂၀၂၃ မှ ၁၂၊၅၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက [email protected] မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exam in May

©Goethe-Institut

မေလ

Goethe-Zertifikat စာမေးပွဲများ

သင့်ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် သင်၏ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက မေလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ ယခုပဲအချိန်စာရင်းကိုကြည့်ပြီး စာရင်းသွင်းကာ သင့်အောင်မြင်မှု၏ပထမဆုံးခြေလှမ်းကိုစတင်လိုက်ပါ။ စာရင်းသွင်းကာလမှာ ၂၊၅၊၂၀၂၃ မှ ၁၆၊၅၊၂၀၂၃ ဖြစ်ပြီး [email protected] ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
 

စာကြည့်တိုက်

Themenecke „Gesundheit und Pflege“

©Goethe-Institut Myanmar

စာကြည့်တိုက်ရှိ

“Health and nursing” နှင့်ပတ်သက်သော themed corner သစ်တစ်ခု

စာကြည့်တိုက်မှာ ကျန်းမာရေးနဲ့သူနာပြုဆိုင်ရာစာအုပ်များကို themed corner အသစ်တစ်ခုအနေနဲ့ထားရှိပေးထားပါတယ်။ ဆေးရုံ၊ ဆေးခန်းသုံး အခေါ်အ၀ေါ် အသုံးအနှုန်းများ၊ ၀ေါ်ဟာရများ၊ ကျန်းမာရေးနဲ့ဆိုင်တဲ့အထွေထွေစာအုပ်များ၊ သုတေသနစာအုပ်များ၊ ဗဟုသုတရဖွယ်ကိုးကားချက်များ အစရှိတဲ့စာအုပ်များကို အဲ့ဒီ corner လေးမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
စိတ်ပါ၀င်စားလို့လာရောက်ငှားရမ်းချင်တယ်ဆိုရင်တော့ စာကြည့်တိုက်ဖွင့်ချိန်အတွင်းလာရောက်ဖို့ဖိတ်ခေါ်ပါတယ်နော်။
 
Leseclub May

©Goethe-Institut Myanmar

မေလ

“LESECLUB” program

အားလုံးစိတ်၀င်တစားပါ၀င်ကြတဲ့ “Leseclub” စာဖတ်အသင်းအဖွဲ့လေးကို ဒီတစ်ခေါက်လည်း နှစ်ကြိမ်တွေ့ဆုံရမယ့် စာဖတ်ဆွေးနွေးခြင်း အစီအစဉ်ကို ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အစီအစဉ်လေးကတော့ ပထမနေ့မှာ စာကိုအလှည့်လိုက် ဖတ်ဆိုကြပြီး၊ မိမိအထင်အမြင်တွေကို မြန်မာလိုရော ဂျာမန်ဘာသာနဲ့ပါ ဖလှယ်ကြမှာ ဖြစ်ပါတယ်။ ဒုတိယနေ့မှာတော့ ပြန်လည်တွေ့ဆုံကြပြီး၊ အရင်ရှေ့နှစ်ပတ်က ဖတ်ခဲ့တဲ့ စာအုပ်လေးရဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ အပိုင်းဆက်လေးတွေကို ဆက်လက်ဖတ်ရှုကာ ဆွေးနွေးကြမှာပဲ ဖြစ်ပါတယ်။
  
စိတ်ပါ၀င်စားလို့ ပါ၀င်သူများက ဒီအစီအစဉ်လေးကို နှစ်ရက်တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာ Goethe-Institut မြန်မာမှ အတွေ့အကြုံရှိ ဆရာမတစ်ဦးကနေ ဦးဆောင်သွားမှာ ဖြစ်ပြီး၊ ဆရာမမှ level အလိုက် (A2/ B1/ B2) ရွေးချယ်ပေးထားတဲ့ ဖတ်ရတာ လွယ်ကူပြီး၊ စိတ်ဝင်စားစရာ ဇာတ်ကြောင်းကို ရေးသားထားတဲ့ easy reader ဝတ္ထုတိုစာအုပ်တွေကို ဖတ်ရမှာပဲ ဖြစ်ပါတယ်။ လူဦးရေ ကန့်သတ်ထားတာကြောင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) မှတစ်ဆင့် ဖြစ်စေ၊ [email protected] မှတစ်ဆင့် ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။
 
Learnberatung

©Goethe-Institut Myanmar

“LERNBERATUNG” program

Goethe-Institut Myanmar ရဲ့ ဘာသာစကားဌာနနဲ့ စာကြည့်တိုက်တို့မှ ပူးပေါင်းပြီး ပြုလုပ်ပေးနေတဲ့ „Lernberatung” ဆိုတဲ့ အစီအစဉ်လေးရှိပါတယ်။ ဒီအစီအစဉ်လေးမှာတော့ Goethe-Institut မှ ဆရာ/ဆရာမတစ်ယောက်ကနေ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်တဲ့ သင်တန်းသား ကျောင်းသူ၊ ကျောင်းသားများရဲ့ မေးလိုသမျှ အခက်အခဲမေးခွန်းများကို ကူညီဖြေကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ တစ်ချိန်ကို သင်တန်းသား (၆) ဦးသာ လက်ခံသွားမှာဖြစ်လို့ စိတ်ပါ၀င်စားသူ မည်သူမဆို စာကြည့်တိုက်မှာ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ် [email protected] မှတစ်ဆင့်ဖြစ်စေ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ German level၊ မိမိမေးလိုသည့်အကြောင်းအရာနှင့် မိမိတက်ရောက်လိုတဲ့ရက်ကို ပေးပို့ပြီး ကြိုတင်စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်။
 
Boardgame Friday

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

ဂျာမန်စာလည်း လေ့ကျင့်ပြီးသားဖြစ်မယ်၊ German Board Game တွေလည်း ကစားရမယ်ဆိုရင်?
Goethe-Institut Myanmar မှ ဘာသာစကားဌာနနဲ့ စာကြည့်တိုက်တို့ ပူးပေါင်းစီစဉ်တဲ့ “Board Game Friday” လေးမှာတော့ ဆရာမနဲ့အတူတူ ဂျာမန်၀ေါ်ဟာရတွေ၊ အသုံးအနှုန်းတွေကို လေ့ကျင့်နိုင်မှာဖြစ်ပြီးတော့၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ပါ၀င်နိုင်မှာဖြစ်လို့ စာရင်းပေးသွင်းချင်ရင်တော့ စာကြည့်တိုက်သို့ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ် [email protected] မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်။ 
Goethe-Institut Myanmar စာကြည့်တိုက်မှာ (၁) လ မှာ (၁) ကြိမ်သာ ပြုလုပ်မှာဖြစ်ပြီး၊ (၆) ဦးသာ လက်ခံသွားမှာဖြစ်လို့၊ မိမိရဲ့ အမည်၊ ဖုန်းနံပါတ်နှင့် German level ကိုပေးပို့ပြီး မြန်မြန်လေးစာရင်းပေးသွင်းဖို့တော့ လိုအပ်ပါတယ်နော်။ Board Game လေးတွေ ကစားရင်း၊ ဂျာမန်စကားပြောလေးတွေကို အတူတူလေ့ကျင့်လိုက်ရအောင်နော်။
 
OSZAR »