စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဉ်ကကြိုဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ အသက် (၄) နှစ်မှ (၈) နှစ်အရွယ် သားသားမီးမီးတို့ပါ၀င်နိုင်ဖို့ ပုံပြင်ပြောမယ့် „Storytelling” အစီအစဉ်လေးကို ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို ပါ၀င်ခြင်းဖြင့် ကလေးများက မိမိတို့ရဲ့ အပြောစွမ်းရည်တွေ၊ စကားလုံးတွေ ကြွယ်၀လာစေမယ့်အပြင်၊ ကိုယ်တိုင် စိတ်ကူးယဉ်ဖန်တီးထားတဲ့ ပုံပြင်လေးတွေကို အခြားသူငယ်ချင်းများကိုလည်း ပြောပြလာနိုင်မှာပဲ ဖြစ်ပါတယ်။ wee care Children and Youth Development Center ရဲ့ founder ဖြစ်တဲ့ ဆရာမ မကြည်နူးမြမှ ဒီပုံပြင်ပြောတဲ့အစီအစဉ်လေးကို ဦးဆောင်သွားမှာဖြစ်ပြီး၊ သားသားမီးမီးတို့အားလုံး ပျော်ပျော်ရွှင်ရွှင်ပါ၀င်နိုင်မှာပဲဖြစ်ပါတယ်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့
အမည်၊ အသက်၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း
၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှ တစ်ဆင့်ဖြစ်စေ၊
[email protected] မှတစ်ဆင့် ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။
*** ဘာသာစကား - မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။***