အားလုံးပဲ မင်္ဂလာပါ။ ကျွန်ုပ်တို့ စာကြည့်တိုက်မှာ လစဉ် ပြုလုပ်နေတဲ့ program တွေထဲက တစ်ခုဖြစ်တဲ့ “Reading Club“ အစီအစဥ်လေးကို စတင်လာခဲ့တာ အခုဆိုရင် တစ်နှစ်တိတိ ရှိလာပါပြီ။ ဒီတစ်နှစ်တာကာလအတွင်း စိတ်ပါဝင်စားစွာနှင့် တက်တက်ကြွကြွ လာရောက်ပါဝင်ပေးခဲ့တဲ့ participant အယောက်စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းပြောပါရစေ။
ဒီအစီအစဉ်လေးမှာဆိုရင် ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေရော၊ သင်ယူတတ်မြောက်ပြီးတဲ့သူတွေပါ လာရောက်ပါဝင်လို့ရပါတယ်။ ဒီအစီအစဉ်လေးကနေတစ်ဆင့် စာဖတ်စွမ်းရည် တိုးတက်စေရုံသာမကပဲ၊ စကားလုံး၀ေါ်ဟာရများ ကြွယ်၀လာပြီး၊ အတွေးအခေါ်စွမ်းရည်များကိုပါ တိုးတက်လာစေမှာ ဖြစ်ပါတယ်။
ဇန်န၀ါရီလမှာ ပြုလုပ်မယ့် စာဖတ်အသင်းအဖွဲ့လေးကတော့ A2 level အတွက် ဖြစ်ပြီး၊ စိတ်ပါ၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့
[email protected] သို့ အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။