Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဉ်ကျေးမှု

IWd25

©Goethe-Institut Myanmar

IWD25

Creative Encounters and Experimentations with Feminist Tendencies (A Multi-Disciplinary Workshop)

Goethe-Institut မြန်မာမှာ ပြုလုပ်လျက်ရှိနေတဲ့ ယဉ်ကျေးမှုအစီအစဉ်များ၊ သင်တန်းများ၊ ဆွေးနွေးပွဲများ နဲ့ အမျိုးမျိုးသော အစီအစဉ်တွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊ အရေးပါမှုနဲ့ သူတို့ရဲ့ အသံတွေကို အစဉ်တစ်စိုက် ထည့်သွင်းစဉ်းစားလျက်ရှိပါတယ်။

မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်တာနဲ့အညီ Goethe-Institut မြန်မာမှာလည်း ရှေ့နှစ်များနည်းတူ International Women’s Day ကို ကြိုဆိုသော အစီအစဉ်များကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာအမျိုးသမီးများနေ့ ကျရောက်ရာ မတ်လ တစ်လလုံးကို IWD week အဖြစ်သတ်မှတ်ပြီး အပတ်စဉ်မတူညီတဲ့ အစီအစဉ်များကို မတူညီတဲ့ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ယနှစ်မှာ ပြုလုပ်သွားရန်ရှိပါတယ်။

ပွဲဦးထွက် အစီအစဉ်တစ်ရပ်အနေနဲ့ Goethe-Institut မြန်မာရဲ့ မိတ်ဖက်များဖြစ်ကြတဲ့ Purple Feminist အဖွဲ့၊ ကဗျာဆရာ၊ စာရေးဆရာ၊ performance artist လည်းဖြစ်သူ မောင်ဒေးတို့နဲ့ အတူ စာပေနဲ့ performance art ကို ပေါင်းစပ်ဖန်တီးမည့် အလုပ်ရုံတစ်ရပ်ကိုကျင်းပြုလုပ်သွားမှာဖြစ်ပါတယ်။ အလုပ်ရုံမှာ ပါ၀င်နိုင်ရန် Open call တစ်ရပ်နဲ့ အခြားသော အစီအစဉ်အသေးစိတ်ကို Goethe-Institut မြန်မာရဲ့ လူမှုကွန်ယက်စာမျက်နှာများမှာ မကြာခင် ကြေငြာသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အားပေးထောက်ခံရင်း IWD 25 ရဲ့ အစီအစဉ်များကို ကျွန်ုပ်တို့ ၏ လူမှုကွန်ယက်စာမျက်နှာများစောင့်ကြည့်သွားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။
Rimini Protokoll

©100 % City Project/ Rimini Protokoll

in Collaboration with Rimini Protokoll

Theater Workshop and Public Presentation

Rimini Protokoll in Myanmar အစီအစဥ်ကို ကြေညာထားတဲ့အတိုင်း မကြာမီမှာ စတင်တော့မှာဖြစ်ပါတယ်။ ဂျာမနီမှ ထင်ရှားတဲ့ ပြဇာတ်အဖွဲ့ဖြစ်တဲ့ Rimini Protokoll ကိုတည်ထောင်သူတစ်ဦးဖြစ်တဲ့ Helgard Huag သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ မြန်မာနိုင်ငံတွင် ခေတ်မီဇာတ်ရုံအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဦးဆောင်လုပ်ဆောင်ရန် ရောက်ရှိမှာဖြစ်ပါတယ်။
AOC

©Goethe-Institut Myanmar

AoC Cohort 2 Seed Funding Projects Updates

ဖန်တီးဆင့်ပွားမျှဝေမည် ဂရုစိုက်မှု အကယ်ဒမီ (AoC)၏ မျိုးစေ့ရန်ပုံငွေ ပံ့ပိုးခြင်းခံခဲ့ရသော Cohort 2 တွင် ပါဝင်ခဲ့သူတို့၏ စီမံကိန်းလေးခုကို မျှဝေပေးလိုက်ပါတယ်။ ဒီပရောဂျက်တွေဟာ ပြဇာတ်၊ ပန်းချီ နှင့် ဂီတကဲ့သို့သော ဖန်တီးမှုအနုပညာကုထုံးများနှင့် စိတ်ကျန်းမာရေး ပညာပေးရေးကို အသုံးပြုပြီးတော့ မြန်မာနိုင်ငံရှိ အရေးကြီးသော လိုအပ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အထောက်အကူဖြစ်စေပါတယ်။

တောင်ကြီးမြို့မှာတော့ ဒေသခံ လူငယ်တွေ ၊ တိုင်းရင်းသားပြည်သူပေါင်းစုံနှင့် ရှမ်းပြည်နယ် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေကြသူတွေ အတွက် စွမ်းဆောင်ရည်တိုးပြီး မျိုးဆက်များအကြား ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ဖန်တီးမှုအနုပညာကုထုံးများကို အသုံးပြုခဲ့ပြီးတော့၊ ရန်ကုန်မှာတော့ဖြင့် လူငယ်ခေါင်းဆောင်တွေကို တေးဂီတကို အသုံးပြုပြီး စိတ်ဖိစီးမှု လျှော့ချပေးဖို့၊ စိတ်ခံစားချက်ဖော်ထုတ်ဖို့၊ မိမိ၏ စိတ်ကျန်းမာရေး ကောာင်းမွန်ခြင်းအတွက် မိမိကိုယ်တိုင် ဂရုစိုက်နိုင်ဖို့ သင်ကြားပေးခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ အခြေပြုနေထိုင်တဲ့ ချင်းလူငယ်တွေကို စိတ်ဒဏ်ရာနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ လုံခြုံစိတ်ချတဲ့နေရာ ဖန်တီးပေးခဲ့ပြီးတော့၊ ပဲခူးရှိ ဘိုးဘွားစောင့်ရှောက်ရေး အဖွဲ့အစည်းတွေမှာ ဘိုးဘွားတွေကို တာဝန်ယူစောင့်ရှောက်ပေးရသူတွေကို စိတ်ဖိစီးမှုကိုလျော့ချဖို့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းစနစ်တွေ၊ မိမိ၏စိတ်ကျန်းမာရေးကို ထိန်းသိမ်းရာတွင် အထောက်အကူပြုသောနည်းလမ်းများကို မျှဝေပေးခဲ့ပါတယ်။

မြန်မာနိုင်ငံ လူထုအသိုင်းအဝိုင်းတွေအတွက် စိတ်ကျန်းမာခြင်းဖြင့် အတူယှဉ်တွဲ နေထိုင်နိုင်ရန်ကို ဦးတည်၍ ပြုလုပ်သော Cohort 2 ပရောဂျက်အဖွဲ့များ၏ ကြိုးစားမှုများအတွက် ဂုဏ်ယူဝမ်းမြောက်နေပြီး၊ အောင်မြင်မှုများအတွက် ချီးမွမ်းစကားပြောကြားလိုပါတယ်။

ဘာသာစကား

German Language Courses

©Goethe-Institut Myanmar

ဖေဖော်ဝါရီလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို  ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဖေဖော်ဝါရီလ အတွက် (Online , In-person) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၀၃.၀၂.၂၀၂၅ မှ ၁၂.၀၂.၂၀၂၅ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက [email protected] မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exams

©Goethe-Institut Myanmar

ဖေဖော်ဝါရီလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။?

Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဖေဖော်ဝါရီလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၁၀.၀၂.၂၀၂၅ မှ ၁၁.၀၂.၂၀၂၅ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး [email protected] ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

C & Y Program

©Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

"အုန်းသားပြားပေါ်မှာ ကလေးတို့စိတ်ကြိုက် ပန်းချီဆွဲပုံဖော်ကြမယ်"

ကျွန်ုပ်တို့ စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်မှ ‘အုန်းသားပြားပေါ်မှာ ကလေးတို့စိတ်ကြိုက် ပန်းချီဆွဲပုံဖော်ကြမယ်’ ကိုကျင်းပမှာ ဖြစ်ပြီး၊ အသက် ၆ နှစ် မှ ၁၄ နှစ်အရွယ်  သားသားမီးမီးများ ပါ၀င်နိုင်မှာ ဖြစ်ပါတယ်။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - ♦အမည်  ♦ အသက် ♦ဖုန်းနံပါတ် တို့ကို [email protected] မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။   
 
Board Game

©Goethe-Institut Myanmar

“BOARD GAME DAY!”

ဖေဖော်ဝါရီလရဲ့  Boardgame Day  မှာတော့ Schnitzeljagd Deutsch ဆိုတဲ့ ဂိမ်းလေးကို ကစားကြမှာဖြစ်ပါတယ်။ ဂိမ်းကစားသူများအနေဖြင့် လမ်းညွှန်ချက်များကိုစနစ်တကျလိုက်နာရင်း ပေးထားသောတာဝန်များကို မြန်မြန်နှင့်မှန်မှန် ပြီးမြောက်စေဖို့ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ ဂျာမန်စာလေ့လာရင်း ကစားပွဲကို အပြိုင်အဆိုင်ရှေ့ဆက်သွားရသော ပညာရေးဆိုင်ရာ ဂိမ်းတစ်ခုဖြစ်တာကြောင့် ပျော်စရာကောင်းမှာ အသေအချာပါပဲ။

ဒီဂိမ်းလေးကို ကစားဖို့ A2-B1 level သာ လိုအပ်တာမို့လို့ စိတ်ပါ၀င်စားသူများအနေဖြင့် [email protected] သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Reading Club

©Goethe-Institut Myanmar

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စကားလုံးဝေါဟာရများ ပိုကြွယ်၀လာစေရန် လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’ လေး ရောက်ရှိလို့လာပါပြီ။

စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ [email protected] သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကို အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Learnberatung

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

လစဥ်ကျင်းပနေကြဖြစ်တဲ့ "Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung အစီအစဉ်လေးမှာ (လူကိုယ်တိုင်ဖြစ်ဖြစ်၊ အွန်လိုင်းကနေဖြစ်ဖြစ်)ပါ၀င်ချင်တယ်ဆိုရင်တော့ [email protected] သို့ အမည်၊ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level၊ မိမိမေးလိုသည့် အကြောင်းအရာ နှင့် မိမိတက်ရောက်လိုသည့်ရက် တို့ကိုအီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။

ပိုမိုလေ့လာရန် (လူကိုယ်တိုင်အစီအစဉ်)
ပိုမိုလေ့လာရန် (အွန်လိုင်းအစီအစဉ်)
ONLEIHE: GERMAN ONLINE LIBRARY

©Goethe-Institut

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Arno Geiger, Olga Grjasnowa, Monika Maron Nico Semsrott und Stefanie de Velasco တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
[email protected]

OSZAR »