Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၅ ခုနှစ်၊ ဧပြီလ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Piano concert

©Goethe-Institut Myanmar

Saturday Evening Concert with Pianist Linn Thant

မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော စန္ဒယားပညာရှင် Linn Thant ရဲ့ Piano concert ကို ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်ကြောင့် လာမည့် ဧပြီလ ၂၆ ရက်နေ့သို့ ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် Baroque, Classical, Romantic, 20th century စတဲ့ခေတ်ကာလကတေးသွားတွေအပြင် Guest Musicians တွေနဲ့အတူ Four-hands piano, Vocal နဲ့ Choir စတဲ့တင်ဆက်မှုတွေပါဝင်မှာမို့ ရသအမျိုးမျိုးကို နားဆင်ခံစားနိုင်စေရန် ဖိတ်ခေါ်လိုက်ရပါတယ်။ 

အသေးစိတ်အချက်အလက်
နေ့စွဲ။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက် (စနေနေ့)
အချိန်။ ညနေ ၄:၀၀ နာရီမှ ညနေ ၆:၀၀ နာရီ
(ညနေ ၃:၃၀ တွင် ပြပွဲခန်းမစဖွင့်ပါမည်)
နေရာ။ Goethe-Institut Myanmar (ပြပွဲခန်းမ)
ဝင်ခွင့်။ အခမဲ့၊ မည်သူမဆိုလာရောက်နိုင်ပါသည်။
အစီအစဉ်ကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်ကျင်းပသွားပါမည်။
Mingala Gita

©Goethe-Institut Myanmar

Resonance Within: A Dialogue Between the Saung Gauk, Classical Guitar, Cello and the Human Body

ဧပြီလ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော Resonance Within: A Dialogue Between the Saung Gauk, Classical Guitar, Cello and the Human Body ပွဲကို ဖြစ်ပေါ်လာသော ဘဘာဝဘေးအန္တရာယ်ကြောင့် လာမည့် မေလ ၃ ရက်နေ့သို့ ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ပါသည်။

Goethe-Institut မြန်မာဟာ ဂီတဆိုင်ရာ မိတ်ဖက်အဖွဲ့ဖြစ်တဲ့ Mingala Gita နဲ့အတူ ဂီတစီမံကိန်းတစ်ခုကို ၂၀၂၄ ခုနှစ် နို၀င်ဘာလက စတင်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီစီမံကိန်းမှာ ရိုးရာတူရိယာြဖစ်တဲ့ မြန်မာ့စောင်း၊ အနောက်တိုင်းတူရိယာဖြစ်တဲ့ classical guitar နဲ့ အခြားသော ဂီတ တူရိယာတွေကို ပေါင်းစပ်ပြီး မတူညီတဲ့ ဂီတပုံစံတစ်ခု ထွက်ဖော်လာဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
AOC

©Goethe-Institut Myanmar

Announcing the Academy of Care (AoC) Cohort 4!

ဂီတကုထုံးညာရှင်နှင့် စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်အတူ သင်တန်းသားရွေးချယ်မှုကို အင်တာဗျူးအဆင့် နှစ်ဆင့်ဖြင့် ပြုလုပ်ခဲ့ပါသည်။ မကွေး၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင် နှင့် ရန်ကုန် တို့မှ Academy of Care (AoC) ၏ စတုတ္ထမြောက် အစီအစဉ်တွင် စိတ်အားထက်သန်စွာပါဝင်လိုသူ ၁၄ ဦးကို ကြိုဆိုရန်အတွက် ကျွန်မတို့အနေဖြင့် လွန်စွာစိတ်လှုပ်ရှားမိပါသည်။ 

မြန်မာနိုင်ငံအနှံ့မှ ဤစိတ်အားထက်သန်သူများသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထောက်ပံ့မှု၊ ဖန်တီးမှုအနုပညာကုထုံးများနှင့် စိတ်ပိုင်းဆိုင်ရာ လူမှုရေးထောက်ပံ့မှုတို့ကို အဓိကထားသော သင်တန်းအစီအစဉ်တွင် ပါဝင်မည်ဖြစ်ပြီး၊ ၎င်းတို့၏ လူ့အဖွဲ့အစည်းအတွက် ထပ်ဆင့် အကျိုးသက်ရောက်မှုများ ဖြစ်ထွန်းနိုင်စေရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ရရှိစေမည့် လေ့ကျင့်သင်ကြားပေးမှုများကို ခံယူကြရမည်ဖြစ်သည်။

ဤအစီအစဉ်ကို ဧပြီလ ၂၈ ရက်နေ့မှ စတင်ကာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

လျှောက်ထားခဲ့ကြသူအားလုံးအား ကျေးဇူးတင်ရှိပါသည်။ ဤစိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုနှင့် ဖန်တီးမှုအနုပညာကုထုံးနယ်ပယ် ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အားလုံး၏စိတ်အားထက်သန်မှုနှင့် ကတိကဝတ်ပြုမှုများသည် အမှန်တကယ်ပင် ချီးကျူးဖို့ ထိုက်တန်ပါသည်။ နောင်လာမည့် အခွင့်အလမ်းများနှင့် နောက်ဆုံးရသတင်းများအတွက် ကျွန်မတို့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်နေပါ။
Flashback to IWD25

©Ah Htet

Flashback to IWD25

အမျိုးသမီးတွေရဲ့ ရပ်တည်ချက်၊ ပါ၀င်မှုနဲ့ အသံတွေကို မြှင့်တင်အားပေးခြင်းကို အမြဲအလေးထားတဲ့ Goethe-Institut မြန်မာဟာ International Women’s Day အစီအစဉ်များကို နှစ်စဉ်မပြတ်လုပ်ဆောင်လာခဲ့ပါတယ်။

၂၀၂၅ ခုနှစ်ရဲ့ IWD25 အစီအစဉ်ကိုလည်း Goethe-Institut မြန်မာရဲ့  စာကြည့်တိုက် (Library & Information Department) နဲ့ ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းပြီး မတ်လ ၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ အပတ်စဉ် မတူညီသော အစီအစဉ်များကို လုပ်ဆောင်ခဲ့ပါတယ်။

ယခုနှစ်ရဲ့ IWD 25 အစီအစဉ်မှာဆိုရင် မောင်ဒေး၊ မွန်ဟော်စီ၊ Purple Feminists Group၊ Mudra Healing၊ WTM_Women Transforming Myanmar၊ UN Women၊ My Jobs၊ 3Zero House Myanmar၊ OWSD Myanmar၊ Purple Upcycle၊ Academy of Care တို့အပြင် အခြား မိတ်ဖက်များစွာနဲ့အတူ မတူညီတဲ့ အစီအစဉ်များကို တင်ဆက်ခဲ့ပါတယ်။

သုံးပတ်တာကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပွဲတော်များ၊ စျေးရောင်းပွဲတော်များ၊ Women’s Talk၊Emotional Wellness အတွက် အလုပ်ရုံ၊ စကား၀ိုင်းဆွေးနွေးပွဲများ နဲ့ ပြပွဲများ ပါ၀င်ခဲ့ပြီး အများပြည်သူအားလုံးတက်ရောက်ပါ၀င်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာသာစကား

German Language Courses

©Goethe-Institut Myanmar

ဧပြီလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို  ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဧပြီလ အတွက် (Online , In-person) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ သင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ စုံစမ်းမေးမြန်းလိုသည်များရှိပါက [email protected] မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exam

©Goethe-Institut Myanmar

ဧပြီလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။?

Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဧပြီလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။  စာမေးပွဲများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ စုံစမ်းမေးမြန်းလိုသည်များရှိပါက [email protected] မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။

စာကြည့်တိုက်

Board Game

©Goethe-Institut Myanmar

“BOARD GAME DAY!”

ဧပြီလရဲ့  Boardgame Day  မှာတော့ Verben-Bingo ဆိုတဲ့ ဂိမ်းလေးကို ကစားကြမှာဖြစ်ပါတယ်။  ဒီဂိမ်းလေးက ဘာသာစကားလေ့လာရာမှာ အရေးကြီးတဲ့ ကြိယာအသုံးအနှုန်းလေးတွေကို သူငယ်ချင်းတွေနဲ့အတူ အပျင်းပြေဂိမ်းဆော့ရင်း လေ့လာလို့ရတဲ့ အကောင်းဆုံးဂိမ်းပဲဖြစ်ပါတယ်။ ဂျာမန်ကြိယာများကို လက်တွေ့အသုံးချတတ်ချင်တယ်၊ စိတ်လှုပ်ရှားရပြီး ပျော်စရာဂိမ်းလေးကို ဆော့ချင်တယ်ဆိုရင်တော့ သူငယ်ချင်းလေးတွေကို စာကြည့်တိုက်ကိုခေါ်လာလိုက်တော့နော်။

ဒီဂိမ်းလေးကို ကစားဖို့ A2 level သာ လိုအပ်တာမို့လို့ စိတ်ပါ၀င်စားသူများအနေဖြင့် [email protected] သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Reading Club

©Goethe-Institut Myanmar

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စကားလုံးဝေါဟာရများ ပိုကြွယ်၀လာစေရန် လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’ လေး ရောက်ရှိလို့လာပါပြီ။

စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ [email protected] သို့အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် levelကို အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Lernberatung

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

လစဥ်ကျင်းပနေကြဖြစ်တဲ့ "Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung အစီအစဉ်လေးမှာ (လူကိုယ်တိုင်ဖြစ်ဖြစ်၊ အွန်လိုင်းကနေဖြစ်ဖြစ်) ပါ၀င်ချင်တယ်ဆိုရင်တော့ [email protected] သို့အမည်၊ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level၊ မိမိမေးလိုသည့် အကြောင်းအရာ နှင့် မိမိတက်ရောက်လိုသည့်ရက်တို့ကိုအီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။

ပိုမိုလေ့လာရန် (လူကိုယ်တိုင်အစီအစဉ်)
ပိုမိုလေ့လာရန် (အွန်လိုင်းအစီအစဉ်)
ONLEIHE

©Goethe-Institut

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Max Annas, Heike Geißler, Dmitrij Kapitelman, Ursula Krechel, Clemens Meyer, Bernhard Pörksen, Julia Schoch und Saša Stanišić တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
[email protected]

OSZAR »