Logo Goethe-Institut

မြန်မာ

ACADEMY OF CARE

Academy of Care  ©Goethe-Institut Myanmar

Academy of Care (AoC) ဟာ ၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့ ထင်ဟပ်မျှဝေတွဲလက်တွေ အစီအစဉ် (Program of Care
မှ ဖွံ့ဖြိုးတိုးတက်လာတဲ့ အစီအစဉ်တစ်ရပ်ဖြစ်ပြီး, ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) ပြီးနောက်ပိုင်းမှာ စွမ်းရည်တည်ဆောက်မှုအစီအစဉ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ 

ဤအစီအစဉ်ဟာ တီထွင်ဖန်တီးမှုနည်းလမ်းတွေကို အသုံးပြုပြီး စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လူမှုဆက်ဆံရေးပံ့ပိုးမှုတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်စေမဲ့ နည်းပြဆရာတွေ (facilitators) ကို လေ့ကျင့်သင်ကြားပေးဖို့ အထူးရည်ရွယ်ထားပါတယ်။ 

AoC ဟာ နောင်နှစ်နှစ်အတွင်း စိတ်ကျန်းမာရေး, အထူးသဖြင့် စိတ်ဒဏ်ရာဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့ ဖန်တီးမှုနည်းလမ်းတွေ နဲ့ ပညာရေးချဉ်းကပ်မှုတွေကို အခြေခံပြီး ဆောင်ရွက်မှုတွေကို ရည်ရွယ်ထားပါတယ်။ 
ဤအစီအစဉ်ဟာ မော်ဂျူးအခြေပြုသင်တန်းတွေနဲ့ ဖွဲ့စည်းထားပြီး, အနုပညာ, ဂီတနဲ့ ပြဇာတ်ကုထုံးကဲ့သို့တဲ့ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေကို သင်ကြားပေးနေပါတယ်။ 

တက်ရောက်သူတွေအနေနဲ့: စိတ်ရောဂါဆိုင်ရာနည်းစနစ်တွေ နဲ့ နည်းလမ်းသစ်ကုထုံးချဉ်းကပ်မှုတွေကို ပေါင်းစပ်ပြီး, လက်တွေ့ဆောင်ရွက်မှုတွေမှတဆင့် အတူတကွ သင်ယူနိုင်မှာ ဖြစ်ပါတယ်။  Academy of Care ဟာ စိတ်ကျန်းမာရေးနဲ့ ဖန်တီးမှုကုထုံးနယ်ပယ်အတွင်း တစ်ဦးချင်းနဲ့ လူထုအကျယ်အဝန်း အကောင်းဆုံးသက်ရောက်မှု ရရှိစေမဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ 

စတုတ္ထအကြိမ် သင်တန်းသားခေါ်ယူခြင်း

ဖန်တီးဆင့်ပွား မျှဝေမည် ဂရုစိုက်မှု အကယ်ဒမီ Academy of Care (AoC) သည် စိတ်ဒဏ်ရာ ကို အခြေခံပြီး ဂရုစိုက်ပံ့ပိုးပေးနိုင်မှု အတွက် ဖန်တီးမှု အနုပညာ ကုထုံးများကို အဓိကထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အခြေခံပြီး လေ့ကျင့်ပေးမည့် နှစ်လကြာ  အချိန်ပြည့် တက်ရောက်သင်ကြားရမယ့် Certificate base သင်တန်းတစ်ခုဖြစ်ပါတယ်။ တက်ရောက်ကြမယ့် သင်တန်းသားများအနေနှင့် အနုပညာ၊ ဂီတနှင့် ဒရာမာကုထုံးများတွင် လက်တွေ့ကျွမ်းကျင်မှုများရရှိမှာဖြစ်ပြီး မိမိ ရပ်ရွာဒေသလူထု အတွက် အကျိုးပြု ပရောဂျက်များ ပျိုးထောင်နိုင်ဖို့ရာ မျိုးစေ့ရန်ပုံငွေနှင့် အကြံပေး နည်းပြ လမ်းညွှန်ပေးခြင်းဆိုင်ရာများဖြင့် ဆက်လက် ပံ့ပိုးပေးသွားမည့် အစီအစဉ်ထိ ရရှိနိုင်တဲ့ သင်တန်းဖြစ်ပါတယ်။  AoC သည် စာနာနားလည်မှုကို မြှင့်တင်ရန်နှင့် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းခြင်းဖြင့် လူုအပြောင်းအလဲ ကို အားပေးရန် ရည်ရွယ်ကာ နိုင်ငံတကာနှင့်ပြည်တွင်းမှ ကျွမ်းကျင်သူ ပညာရှင်များ က ဦးဆောင်သင်ကြားပို့ချသွားမည့် သင်တန်းဖြစ်ပါတယ်။ 

Academy of Care Cohort 4သင်တန်းအစီအစဉ်ကို ဇူလိုင်လ ၂၉ ရက် ၂၀၂၅မှာ တရားဝင်စတင်တော့မှာဖြစ်ပါတယ်။

သင်တန်းကာလ နှစ်လခွဲကြာမြင့်မှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူထုအခြေပြု စိတ်ကျန်းမာရေးထောက်ပံ့မှုတွေကို ဖန်တီးမှုကုထုံးတွေကိုအခြေခံတဲ့ နည်းလမ်းတွေနဲ့ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် သင်ကြားပေးဖို့ ရည်ရွယ်ထားပါတယ်။ သင်တန်းအတွင်းမှာ စိတ်ရောဂါ၊ စိတ်ပညာနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေခံအကြောင်းအရာတွေကို သီအိုရီနဲ့အတူ လက်တွေ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီး လေ့လာသွားမှာဖြစ်ပါတယ်။

သင်ကြားမှုအထဲမှာတော့ dramatherapyကို Sri Lanka မှ Research Institute of Dramatherapy နဲ့ပူးပေါင်းသင်ကြားပေးမှာဖြစ်ပြီး၊ music therapyကို Maitri Music Therapy, Nepalမှ၊ art therapyကို Foundation of Art in Health, India မှ ပညာရှင်တွေက လာရောက်သင်ကြားပေးပါမယ်။ ထို့အပြင် drama, music, art therapies တို့ကို ပေါင်းစပ်အသုံးပြုနိုင်ဖို့အတွက် intermodality approachကိုပါ သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းတွေကို မြန်မာနိုင်ငံမှ psychiatrist များနဲ့ နိုင်ငံတကာမှ therapistsတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး၊ သင်ခန်းစာအပြင် လက်တွေ့လုပ်ငန်းစဉ်တွေနဲ့ workshops တွေပါ ပါဝင်မှာဖြစ်ပါတယ်။

မိမိတို့အသိုင်းအဝိုင်းအတွက် ဖန်တီးမှုနှင့် အနုပညာအခြေပြုကုထုံးများကို အသုံးပြုကာ ကူညီပံ့ပိုးနိုင်မည့် facilitator အသစ်များအဖြစ် တက်လာမည့် သင်တန်းသားအသစ်များကို AoC Cohort 4တွင် သင်ကြားမှုခရီးကိုအတူစတင်ဖို့ ကြိုဆိုပါတယ်။

သင်တန်းစတင်ခြင်း

© AOC/Goethe-Institut Myanmar

စီမံကိန်းအကြောင်းအရာ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

OSZAR »