Within & Beyond: Reimagining Art across Distances
ယခု Open Call တွင် မြန်မာနိုင်ငံတွင်း နေထိုင်သည့် အနုပညာသမားများသာမက၊ အရှေ့တောင်အာရှ၊ ဂျာမနီ နှင့် အခြား ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ရောက်ရှိနေသော မြန်မာ အနုပညာသမားများလည်း လျှောက်ထားနိုင်ပါသည်။ ပြည်တွင်းနှင့် ပြည်ပမှ မြန်မာအနုပညာသမားများကို လက်ရာများကို ပူးပေါင်းတင်ဆက်မည့် ပြပွဲ ပုံစံမျိုးဖြစ်ပြီး မြန်မာ၊ အရှေ့တောင်အာရှနှင့်ဂျာမနီနိုင်ငံမှ curator များနှင့် လက်တွဲလုပ်ဆောင်ရမည်ဖြစ်ပါသည်။
စီမံကိန်းဦးတည်ချက်နှင့် အကြောင်းအရာ
ယခုအနုပညာစီမံကိန်းသည် ‘‘အကွာအ၀ေး နှင့် အဆက်အသွယ်ပြတ်(တောက်)ခြင်း‘‘ ဟူသည့်စကားရပ်၊ အကွာအ၀ေးတွေမှ ဖြစ်ပေါ်လာသော။ အကွာအ၀ေး နှင့် အဆက်အသွယ်ပြတ်တောက်မှုတွေကြောင့် သက်ရောက်စေသော၊ ပြောင်းလဲစေသော၊ အကွာအ၀ေးများအကြားက ချိတ်ဆက်မှု၊ အကွာအ၀ေးများခြားနားသည့်ကြားက ထိစပ်မှု၊ နားလည်နိုင်မှု၊ ခံစားနိုင်မှုနှင့် အကွာအ၀ေးကြောင့် ဖြစ်ပေါ်လာသော ထပ်တူညီမှုနှင့် ခြားနားမှုများ၊ အစရှိသည်တို့ကို ထင်ဟပ်သည့် အနုပညာလက်ရာများကို တင်ဆက်ပြသရန်ရည်ရွယ်ပါသည်။ပြည်တွင်း၊ ပြည်ပမှ အနုပညာသမားများ၊ curator များနှင့်အတူ လက်တွဲ၍ Goethe-Institut မြန်မာမှ လုပ်ဆောင်မည့် ယခု စီမံကိန်းသည် ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလထိ (၆) လတာကြာမြင့်မည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။ ယခုစီမံကိန်းတွင် အောက်ပါလုပ်ဆောင်ချက်များပါ၀င်ပြီး ပြည်တွင်းနှင့်ပြည်ပမှ မြန်မာအနုပညာသမား၏ အနုပညာလက်ရာများ၊ စိတ်ကူးစိတ်သန်းများနှင့် ခံယူချက်များကို ပေါင်းကူးချိတ်ဆက်ပြသမည့် စီမံကိန်းတစ်ရပ်ဖြစ်ပါသည်။
စီမံကိန်းတွင်ပါ၀င်သည့် လုပ်ဆောင်ချက်များ
ဇူလိုင်လ မှ သြဂုတ်လ - ပြန်လည်ချိတ်ဆက်ခြင်းနှင့် အနုပညာနှီးနှောဖလှယ်ခြင်းရှေးဦးစွာ ပြည်တွင်းနှင့် ပြည်ပမှ မြန်မာအနုပညာရှင်များ အတွေ့အကြုံနှင့်ခံစားချက်များ ဖလှယ်ရန် online တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ meeting များမှတစ်ဆင့် မတူညီသောနေရာဒေသ၊ အကွာအ၀ေးနှင့် နေ့စဉ်ဘ၀များကို ဖလှယ်ရင်း သက်ဆိုင်ရာ အနုပညာလက်ရာများကို ချည်းကပ်နိုင်ရန်ရည်ရွယ်ပါသည်။ Online တွေ့ဆုံဆွေးနွေးပွဲများကို ဇူလိုင် နှင့် သြဂုတ်လအတွင်း (၃) ကြိမ်ခန့် ပြုလုပ်သွားရန် ရှိပြီး၊ curator များမှ moderate လုပ်ပေးမည် ဖြစ်ပါသည်။
ဆွေးနွေးပွဲ (၃) ကြိမ်ခန့်အပြီးမှာတော့ open-studio တွင်ပြသမည့် လက်ရာများအတွက် concept များ၊ medium များ နှင့် အရေအတွက်တို့ အကြမ်းဖြင်းအားဖြင့် ထွက်ပေါ်လာရန် ရည်ရွယ်ပါသည်။
Online တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရခြင်း ရည်ရွယ်ချက်
- မတူညီသောနေရာများတွင်ရှိနေသော မြန်မာအနုပညာသမားများကြား အတွေ့အကြုံများဖလှယ်ရင်း အနုပညာလက်ရာဖန်တီးရန်တွက် Inspiration ရရှိစေရန်။
- Artist များ၏ အနုပညာချည်းကပ်ပုံနှင့် ထွက်ပေါ်လာမည့်အနုပညာလက်ရာ၏ အကြောင်းအရာများကို Curator များမှ ထဲထဲ၀င်၀င်နားလည်သိရှိနိုင်စေပြီး ပြပွဲပုံစံကိုပါ ဖော်ဆောင်နိုင်စေရန်။
စက်တင်ဘာလ မှ နို၀င်ဘာလ- အနုပညာလက်ရာများထုတ်လုပ်ခြင်းကာလ
Concept နှင့် Medium များကို သတ်မှတ်ပြီးသည့်နောက်တွင် အနုပညာလက်ရာများထုတ်လုပ်ရန်အတွက်စက်တင်ဘာလမှ နို၀င်ဘာလအထိ အချိန် (၃) လရရှိမည်ဖြစ်ပါသည်။ လက်ရာများထုတ်လုပ်နေစဉ်ကာလအတွင်း အထောက်အကူပြုနိုင်ရန်အတွက် Goethe-Institut မြန်မာမှ တာ၀န်ခံများနှင့် Curator များမှ အလျင်းသင့်သလို အစည်းအ၀ေးပြုလုပ်သွားမည်ဖြစ်ပါသည်။
Artist Fee & Production Fee
စီမံကိန်းတွင်ပါ၀င်ရန် ရွေးချယ်ခံရသည့် အနုပညာရှင်များကို Artist Fee & Production Fee အနေဖြင့် အမေရိကန်ဒေါ်လာ ၈၀၀ နှင့် ညီမျှသည့် ဉာဏ်ပူဇော်ခကို ပေးအပ်သွားမည်ဖြစ်ပါသည်။
နို၀င်ဘာလ မှ ဒီဇင်ဘာလ- ပြပွဲကာလအကြို ပြင်ဆင်ခြင်းနှင့် ပြပွဲ
နို၀င်ဘာလတွင် ပြပွဲပြသရန် အနုပညာလက်ရာများ အသင့်ဖြစ်နေရန် လိုအပ်ပြီး ပြပွဲအကြို ပြင်ဆင်ခြင်း ကိစ္စရပ်များကို Goethe-Institut မြန်မာ၏ တာ၀န်ခံများ၊ Curator များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ပါသည်။စီမံကိန်းအဆုံးသတ်ပြပွဲတစ်ရပ်ကို ဒီဇင်ဘာလအတွင်းတွင် Goethe-Institut မြန်မာတွင် ပြုလုပ်သွားရန် ရည်ရွယ်ထားရှိပြီး အများပြည်သူ လာရောက်ကြည့်ရှုနိုင်သည့် အနုပညာပြပွဲတစ်ရပ်အဖြစ် တင်ဆက်မည်ဖြစ်ပါသည်။
အနုပညာလက်ရာ တင်သွင်းရမည့်ပုံစံ
ပြည်တွင်းတွင် လက်ရှိနေထိုင်သော အနုပညာရှင်များအနေဖြင့် မိမိနှစ်သက်ရာ Medium ဖြင့် လက်ရာကို ဖန်တီးတင်သွင်းနိုင်ပါသည်။အ၀ေးရောက်မြန်မာ အနုပညာရှင်များအနေဖြင့် video file၊ အသံ file၊ Print ထုတ်နိုင်သော file များကို ပေးပို့နိုင်ပါသည်။ အခြားသော Medium များဖြင့် ပြသလိုပါက ကိုယ်စားလာရောက်တပ်ဆင်ပြုလုပ်ပေးနိုင်သူများအား Goethe-Institut မြန်မာ၏ တာ၀န်ခံများနှင့် ချိတ်ဆက်ပေးနိုင်ပါသည်။ (production အတွက် လိုအပ်သည့်အသုံးစရိတ်များကို ပေးအပ်ထားသည့် Grant ထဲမှ ကျခံသုံးစွဲပေးရမည်ဖြစ်ပါသည်။)
လျှောက်လွှာတင်သွင်းရန် လိုအပ်ချက်များ (English၊ မြန်မာ နှစ်သက်ရာဘာသာစကားဖြင့် တင်သွင်းနိုင်ပါသည်။ )
- Updated CV, Recent Portfolio & Short Bio
- ‘အကွာအ၀ေး နှင့် အဆက်အသွယ်ပြတ် (တောက်ခြင်း)’ ဆိုသည့် စကားနှင့် ပတ်သက်၍ မိမိ၏ အနုပညာဆိုင်ရာ အမြင်နှင့်ရှုထောင့်ကို ဖော်ပြသည့် အကြောင်းအရာ။ (အများဆုံးA4 တစ်မျက်နှာခန့်၊)
- ပြပွဲပြုလုပ်သည့်အခါ ပြသလိုသည့် Medium
လျှောက်လွှာတင်သွင်းရန် အကျုံး၀င်သူများ
မြန်မာနိုင်ငံ၊ အရှေ့တောင်အာရှနှင့် ဂျာမနီအပါအ၀င် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်ရှိနေသော မြန်မာအနုပညာသမားများ။အွန်လိုင်း အမေးအဖြေကဏ္ဍ
လျှောက်လွှာပြင်ဆင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပိုမိုရှင်းလင်းစွာနားလည်နိုင်ရန်အတွက် online မှ ရှင်းလင်းပြောပြပေးမည့် အမေးအဖြေ အစီအစဉ်များကို အောက်ပါအတိုင်း စီစဉ်ထားရှိပါသည်။Date: 27.05.2025: 4:30 PM – 5:30 PM (Myanmar Time)
https://goethe-institut.zoom.us/j/88668968500
Meeting ID: 886 6896 8500
Date: 03.06.2025: 4:30 PM – 5:30 PM (Myanmar Time)
https://goethe-institut.zoom.us/j/89250441095
Meeting ID: 892 5044 1095
လျှောက်လွှာတင်သွင်းရမည့်ပုံစံ
အကျုံး၀င်သော လျှောက်လွှာပုံစံများကို ပြင်ဆင်ပြီးသူများအနေဖြင့် [email protected] ကို ဇွန်လ (၁၀) ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ပါသည်။ ဇွန်လ ၁၀ ရက်နေ့ (အဂါနေ့) မြန်မာစံတော်ချိန် ည ၁၂:၀၀ ကျော်လွန်ရောက်ရှိလာသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။လျှောက်လွှာလက်ခံခြင်းနှင့် ရွေးချယ်ခြင်း
လျှောက်လွှာတင်သူတစ်ဦးစီတိုင်းဆီသို့ လက်ခံရရှိကြောင်း အကြောင်းပြန် email များပြန်လည်ပေးပို့မည်ဖြစ်ပါသည်။- ကနဦးရွေးချယ်မှုအဆင့် ရွေးချယ်ခံရသူများကို ဇွန်လ (၁၄) ရက်နေ့ နောက်ဆုံးထား၍ အကြောင်းကြားပေးမည်ဖြစ်ပါသည်။
- အကောင်အထည်ဖော်ရန် ရွေးချယ်ခံရသူများကို ဇွန်လ (၂၀)ရက်နေ့နောက်ဆုံးထား၍ အကြောင်းကြားပေးမည် ဖြစ်ပါသည်။