Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

New Year 2025

©Goethe-Institut

နှစ်သစ်ဆုမွန်ကောင်း

စိတ်အေးချမ်းပြီး အဓိပ္ပါယ်ပြည့်ဝတဲ့အခိုက်အတန့်များ ပိုင်ဆိုင်နိုင်ပါစေကြောင်း  Goethe-Institut မြန်မာအဖွဲ့သားများမှ တောင်းဆုပြုပါတယ်။ ၂၀၂၄ တစ်နှစ်တာကာလရဲ့ ပူးပေါင်းလုပ်ဆောင်မှုများ၊ အတွေ့အကြုံဝေမျှမှုများမှာ ပါဝင်ပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ အနာဂတ်ကာလမှာ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ပြီး အေးဆေးတည်ငြိမ်မှု၊ ချမ်းမြေ့မှုနဲ့ ဆန္ဒပြည့်ဝမှုတို့ကို ပိုင်ဆိုင်နိုင်ကြပါစေ။ ၂၀၂၅ နှစ်သစ်အတွက် ကျွန်ုပ်တို့အားလုံးမှ ဆုမွန်ကောင်းများနဲ့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယဉ်ကျေးမှု

Rimini Protokoll

©Rimini Protokoll

Theater Workshop and Public Presentation in Collaboration with Rimini Protokoll

Goethe-Institut မြန်မာအနေနဲ့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းစဉ်များနဲ့ ခေတ်ပြိုင်အနုပညာဆိုင်ရာ အစီအစဉ်များ၊ ပွဲများ၊ နှီးနှောဖလှယ်မှုများကို အစဉ်တစိုက်လုပ်ဆောင်လာခဲ့ရာမှာ မြန်မာ၊ ဂျာမနီ ခေတ်ပြိုင်အနုပညာဆိုင်ရာ နှီးနှောဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာလည်း အရေးပါတဲ့ အခန်းကနေပါ၀င်နေပါတယ်။
AOC

©Goethe-Institut Myanmar

AOC_December highlights

What is happening now?

ကျွန်မတို့အနေနဲ့ ဖန်တီးဆင့်ပွားမျှဝေမည် ဂရုစိုက်မှု အကယ်ဒမီ (AoC) အစီအစဉ် (တတိယမြောက် အသုတ်) သင်တန်းသားများ၏ အောင်မြင်မှုများနှင့် AoC Alumni Network ကို အောင်မြင်စွာ စတင်လိုက်နိုင်သည့်အကြောင်းတို့ကို ဝေမျှပေးလိုပါတယ်။
MPA final

©Myanmar Photo Archive

Reinterpreting Myanmar’s Visual Culture: Two Years of Collaboration

Goethe-Institut မြန်မာနှင့် မြန်မာ့ဓာတ်ပုံမော်ကွန်းတို့၏ နှစ်နှစ်တာ ပူးပေါင်းဆောင်ရွက်မှုကို အထူးဂုဏ်ပြုအပ်ပါသည်။ "Archives in Focus" ဟုအမည်တွင်သည့် ကမ္ဘာတစ်ဝှမ်းမှ ဓာတ်ပုံနှင့် မြင်ကွင်းဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အပြီးသတ်ပြုလုပ်ခဲ့ပါသည်။ မော်ကွန်းတင်ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံ၏ အမြင်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို ပြန်လည်အနက်အဓိပ္ပာယ် ပြန်ဆိုသည့် အဆုံးသတ်ပွဲဟုလည်း သတ်မှတ်နိုင်ပါသည်။
Sundowner Musical Gathering

©Goethe-Institut Myanmar

Sundowner Musical Gathering

လာမယ့် ဇန်နဝါရီလမှာလည်း ပျော်ရွှင်စရာကောင်းတဲ့ Goethe-Institut Myanmar ရဲ့ Sundowner Musical Gathering အစီအစဉ်ရှိနေကြောင်းကို သတင်းကောင်းပေးလိုပါတယ်။ ဂီတကိုချစ်မြတ်နိုးတဲ့ သူတွေအားလုံး ၀င်ကြေးအခမဲ့ လာရောက်နားဆင် နိုင်တာမို့လို့ ဘယ်ဂီတအနုပညာရှင်တွေက လာရောက်ဖျော်ဖြေမလဲဆိုတာကို ရင်ခုန်စွာစောင့်စားကြရင်း သတင်းသစ်တွေကိုလည်း Goethe-Institut Myanmar ရဲ့ Social Media နဲ့ Newletters တွေမှာ ဖတ်ရှုနိုင်ပါတယ်။

ဘာသာစကား

Registration Office Opening Hours

©Goethe-Institut Myanmar

ကျောင်းသားရေးရာဌာန၏ရုံးဖွင့်ချိန်အသစ်များ

Goethe-Institut မြန်မာရဲ့ ကျောင်းသားရေးရာဌာနရုံးဖွင့်ချိန်ကို ၂၀၂၅၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစတင်ပြီး ပြောင်းလဲဖွင့်လှစ်မှာဖြစ်ကြောင်းအသိပေးအပ်ပါတယ်။

ကျောင်းသားရေးရာဌာန၏ရုံးဖွင့်ချိန်အသစ်များ

  • တနင်္လာနေ့ (နံနက် ၁၁ နာရီမှ ညနေ ၅ နာရီ)
  • အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့၊ စနေနေ့ (နံနက် ၁၁ နာရီ မှ ညနေ ၄ နာရီ)
(ကြာသပတေးနေ့၊ တနင်္ဂနွေနေ့ နှင့် အများပြည်သူရုံးပိတ်ရက်များတွင် ပိတ်ပါသည်။)
 
ဂျာမန်ဘာသာစကားသင်တန်းများ၊ စာမေးပွဲများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက [email protected] သို့မဟုတ် 01 9376160 (Ext-1) ကို ဖော်ပြပါရုံးချိန်များအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
German Language Courses

©Goethe-Institut Myanmar

ဇန်နဝါရီလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဇန်နဝါရီလ အတွက် (Online , In-person) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၀၆.၀၁.၂၀၂၅ မှ ၁၁.၀၁.၂၀၂၅ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက [email protected] မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exams

©Goethe-Institut Myanmar

ဇန်နဝါရီလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။?

Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဇန်နဝါရီလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၁၃.၀၁.၂၀၂၅ မှ ၁၄.၀၁.၂၀၂၅ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး [email protected] ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Junk Modelling

©Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

"Junk Modelling for Sustainability!"

၂၀၂၅၊ ဇန်န၀ါရီလ နှစ်သစ်ကူးအချိန်အခါလေးမှာတော့ ကျွန်ုပ်တို့ စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်မှ ‘Junk Modelling for Sustainability’ ကိုကျင်းပမှာ ဖြစ်ပြီး၊ အသက် ၆ နှစ် မှ ၁၂ နှစ်အရွယ်  သားသားမီးမီးများ ပါ၀င်နိုင်မှာ ဖြစ်ပါတယ်။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   ♦အမည်  ♦ အသက် ♦ဖုန်းနံပါတ် တို့ကို [email protected] မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။ 
Library membership fees as of January 2025

©Goethe-Institut Myanmar

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှပြောင်းလဲသတ်မှတ်သော စာကြည့်တိုက် အသင်း၀င်ကြေး

ကျွန်ုပ်တို့ရဲ့ စာကြည့်တိုက်အသုံးပြုသူတွေအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှပြောင်းလဲသတ်မှတ်သော စာကြည့်တိုက် အသင်း၀င်ကြေးများကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။
  • မြန်မာနိုင်ငံသားများအတွက် နှစ်စဥ်ကြေး (၆၀,၀၀၀ ကျပ်)၊
  • နိုင်ငံခြားသားများအတွက် နှစ်စဥ်ကြေး (၁၂၀,၀၀၀ ကျပ်)
Goethe-Institut မြန်မာမှာ ဂျာမန်ဘာသာ စကားသင်ကြားနေသူ သင်တန်းသူ၊ သင်တန်းသားများအတွက်တော့ သင်တန်းကာလအတွင်းမှာ အသင်းဝင်ကြေး အခမဲ့ ဖြစ်ပါတယ်။

စာကြည့်တိုက် အသင်းဝင်ကတ် ပြုလုပ်ဖို့အတွက် သင့်ရဲ့ မှတ်ပုံတင်၊ Passport (သို့မဟုတ်) သက်တမ်းရှိသော ကျောင်းသားကတ် တစ်ခုခုကို ယူဆောင်လာရပါမယ်။ စာကြည့်တိုက်ကို လာရောက်ပြီး ကျွန်ုပ်တို့ရဲ့ ဒစ်ဂျစ်တယ် စာကြည့်တိုက်ကတ် BibToGo ကို ရယူလိုက်ပါ။ ကျွန်ုပ်တို့စာကြည့်တိုက်အဖွဲ့သားများက သင်စာကြည့်တိုက်သို့ လာရောက်တဲ့အခါ အသေးစိတ်အချက်အလက် များကို ရှင်းပြဖို့ အဆင်သင့်ရှိနေပါတယ်။
Reading Club

©Goethe-Institut Myanmar

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စကားလုံးဝေါဟာရများ ပိုကြွယ်၀လာစေရန်  လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’ လေး ရောက်ရှိလို့လာပါပြီ။

စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ [email protected] သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Lernberatung

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

လစဥ်ကျင်းပနေကြဖြစ်တဲ့  "Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung အစီအစဉ်လေးမှာ (လူကိုယ်တိုင်ဖြစ်ဖြစ်၊ အွန်လိုင်းကနေဖြစ်ဖြစ်) ပါ၀င်ချင်တယ်ဆိုရင်တော့ [email protected] သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level၊ မိမိမေးလိုသည့် အကြောင်းအရာ နှင့် မိမိတက်ရောက်လိုသည့်ရက် တို့ကိုအီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။

ပိုမိုလေ့လာရန် (လူကိုယ်တိုင်အစီအစဉ်)
ပိုမိုလေ့လာရန် (အွန်လိုင်းအစီအစဉ်)
Board Game

©Goethe-Institut Myanmar

“BOARD GAME DAY!”

ဇန်နဝါရီလရဲ့ Boardgame Day လေးမှာတော့ ဂိမ်းကစားသူတွေကို ဉာဏ်စမ်းတဲ့အနေနဲ့ အချိန်တိုအတွင်း အမေးအဖြေနှစ်ခုစလုံးအတွက် တွေးတောစဥ်းစားရမယ့် Tabu Familien- Edition ကို ဆရာမနဲ့အတူတူဆော့မှာဖြစ်ပါတယ်။

ဒီဂိမ်းလေးကို ကစားဖို့ A2 level သာ လိုအပ်တာမို့လို့ စိတ်ပါ၀င်စားသူများအနေဖြင့် [email protected] သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
ONLEIHE: GERMAN ONLINE LIBRARY

©Goethe-Institut

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Clemens Böckmann, Ilona Hartmann, Monika Helfer, Laura Lichtblau, Philipp Oehmke, Thomas Oláh, Elke Schmitter und Arno Strobel တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
[email protected]

OSZAR »